နှစ်ကူးပြီးရင်

ရှုပ်ရှက်ခက်တဲ့
Orchad Road ရဲ့ညနေ
ခြေလှမ်းတွေကိုဝင်းလက်အောင်ထွန်းညှိ
ငါ့ကိုယ်ငါအရောင်တွေနဲ့ရောနေမိတယ်။
ခရစ်(စ)မတ် တဲ့......
ငါကတော့နှစ်ကုန်တော့မှာကိုပဲ
အများဆုံးတွေး
ဆာလောင်တဲ့အတွေးတွေနဲ့လေ။
တကယ်တော့
ဘ၀ဆိုတာ Orchard Road လို
အမြဲလှနေရင်
ပျော်ရွှင်ခြင်းတွေ၊လူတိုင်းရဲ့အိမ်မှာ
ခူးဆွတ်လို့ရနေမှာပေါ့။
ဒါပေမယ့်
မလွှဲသာတဲ့ညတွေကိုသိမ်းပိုက်
ဒီကဗျာနဲ့
စင်္ကာပူကိုနှုတ်ဆက်လိုက်တော့တယ်။

မင်းသန့်

ရေးတာတခြား

ကဗျာ ဆိုတာ ဖတ်တဲ့လူနဲ့ အတော်ဆိုင်တာ။
ကိုယ်ကတော့ ခံစားချက်တွေတနင့်တပိုးနဲ့ရေးထားပေမယ့် ဖတ်တဲ့လူက အဓိပါယ်ပေါက်တော့တစ်မျိုးဖြစ်တက်တယ်ဆိုတာ
ရေးဘူးတဲ့လူတိုင်းသိတယ်။
တခါတခါ ရယ်စရာတောင်ဖြစ်သွားတက်သေးတယ်။
မှတ်မှတ်ရရ အဲဒီကဗျာစာအုပ်က ကျွန်တော့ပထမဆုံး တစ်ကိုယ်တော် စာအုပ်ဗျ။
အလကား ဝေတာဆိုတော့ အုပ် ၅၀ ထုတ်တာ အကုန်ကုန်တာပဲ။ဒါတောင် နောက်ဆုံးတစ်အုပ်ကို ယူမယ့်လူမရှိလို့ စာရိုက်ပေးတဲ့ အမကြီးကို ပေးလိုက်ရတယ်
အောင်မြင်တယ်ပဲဆိုပါတော့ဗျာ။
ကျွန်တော့် အကျင့်တစ်ခုက ကျွန်တော့်ကဗျာကို သူများတွေကိုပေးဖတ်ပြီးရင် ကောင်းလား၊မကောင်းလား မမေးပဲ မသိချင်ယောင်ဆောင်နေတက်တာ။
ဒါပေမယ့် စိတ်ထဲကတော့ သူတို့ဘာသာ သူတို့ ဝေဖန်လာမှာ ကိုမျှော်လင့်နေတာပေါ့။ဒါမှလည်း သူတို့ရဲ့တကယ့်ထင်မြင်ချက်ကိုရမယ်လို့ ထင်တာကိုး။
ဒီလိုနဲ့ စာအုပ်ဝေပြီး လို့တစ်ပတ်လောက်သာနေရော၊ဘယ်သူ့ဆီကမှ ဘာသံမှမကြားရတော့ ကျွန်တော့ခင်ဗျာ အတော် မချင့်မရဲဖြစ်နေမိတာပေါ့။
ကံကောင်းချင်တော့ မျိုးဇော် ဆိုတဲ့ သူငယ်ချင်းတစ်ယောက်က လက်ဘက်ရည်ဆိုင်မှာ အဲဒီကဗျာစာအုပ်ကိုဖတ်နေတုန်း ကျွန်တော်နဲ့တဲ့တဲ့တိုးပါလေရော။
ဒါနဲ့ ရတဲ့အခွင့်အရေးကို လက်လွတ်မခံပဲ သူဖတ်တဲ့အနားသွားပြီးမယောင်မလည်လုပ်နေလိုက်တယ်။
သူကလည်း သဘောပေါက်တယ်ထင်ပါတယ်၊တစ်ခုခုတော့ပြောမှကောင်းမယ်လို့တွေးမိပြီး ကဗျာစာအုပ်ကို ဟိုလှန်ဒီလှန်နဲ့ အတော်ကြိုးစားရှာနေလိုက်တာ
“ဆောင်း” ဆိုတဲ့ ကဗျာလဲရောက်ရော အတော်ကြာကြာမျက်မှောင် ကြီးကုပ်ပြီး ဖတ်နေရော။ကျွန်တော်လဲရင်တထိတ်ထိတ်နဲ့စောင့်နေတာပေါ့။အဲဒီကဗျာက ဒီလိုဗျ။

ဆောင်းလေအတိုက်၊နှင်းအရိုက်မှာ
ရွက်ဝါတွေလဲကြွေခဲ့ပြီ။
ရွက်ဝါကြွေသည့်ပင်မြင့်ထက်ဆီ
သဇင်တွေလဲပွင့်ခဲ့ပြီ။

၁၅ မိနစ်လောက်လဲနေရော ကျေနပ်သွားသလို ပြုံးပြီးတော့ ကျွန်တော်ကိုကြည့်ပြီးပြောလိုက်တယ်။

“ဟေ့ရောင် ၊ဆောင်းတွင်းမှာ သစ်ရွက်တွေကကြွေလို့လား ဟ”
တဲ့ ။ ကဲ.....ကောင်းရော။


မင်းသန့်

အရင်းအတိုင်း

သွေးချောင်းစီးအောင် ညတွေကို သောက်ပစ်ခဲ့ပေါ့။
ကဗျာရဲ့တေးသွားနားထောင်သူကြားလိမ့်မယ်။
အသက်မဲ့နေတဲ့အိပ်ယာမှာ အချစ်မပါဘူး၊အလှမပါဘူး။
ဒါပေမယ့် သေနေတာတော့မဟုတ်ဘူးကိုယ့်လူ။
ခင်ဗျားတို့ထင်နေတာမှန်တယ်ထင်နေသေးသမျှလုပ်ပစ်လိုက်စမ်း။
သမုတိသစ္စာတွေအောက်မှာ နောင်တဆိုတာမလိုအပ်ပါဘူး။
“ရဲ” ပစ်လိုက်စမ်းပါ။
ငါ့အတွက်ကတော့ပူမနေနဲ့။
သွေးတစ်စက်စက် ကျတဲ့ ကလောင်တစ်ချောင်းရှိနေသေးသမျှ
နှလုံးသားတွေကိုထိုးဆွ လို့ရသေးတယ်။
နောက်လှည့်ကြည့်လို့ တစ်ယောက်မှပါမလာတောင်
ခြေတစ်လှမ်းမတွန့်ခဲ့ဘူး။
ဒါပေမယ့် ကိုယ့်လမ်းနဲ့ ကိုယ်လျှောက်၊
တူတယ်ထင်တော့လည်း
နှုတ်ဆက်လိုက်ကြတာပေါ့ကွယ်။

မင်းသန့်

၂၁ ရာစု ဆုတောင်း

ခေတ်ကတော့ ဘာခေတ်လဲမမေးနဲ့
နည်းပညာခေတ်
အရှေ့ခြမ်းကပြသနာကိုသိချင်လား
အနောက်ခြမ်းကပြသနာကိုသိချင်လား
ဒါမှမဟုတ် ဘေးအိမ်က ဒေါ်ဘုမအကြောင်းပြောမလား….
ဆိုင်ဆိုင်မဆိုင်ဆိုင်
Internet ဆိုင်ထိုင်ပြီး
ဂျာနယ်ဖတ်နိုင်ရင်
ခပ်မြိုင်မြိုင်လေးတောင်ပြောလို့ရသေး။

အွန်စောက ဘယ်ကဲ့သို့
Beyonce ကဘယ်ချမ်းသာ
Green Day သီချင်းအသစ်လား…..
မစွံပါဘူးကွာ။

ဘယ်ကောင်ကတော့
ဘယ်အသင်းရောက်သွားပြီ
ဟိုပွဲတုန်းက
သောက်နည်းပြကလူထုတ်ပုံမှားနေတယ်။
ဒါနဲ့ မော်ဒယ်(လ)အသစ်လေးက
စကပ်တော်တော်တိုတယ်နော်။
တကယ်သိသိမသိသိ
နဲနဲတော့မိအောင်ဖတ်ထား
ဒါမှလဘက်ရည်ဆိုင်မှာအာကျယ်လို့ရမှာ။

စိတ်ဝင်စားရင် အိုဘားမားရဲ့အကြံပေးအရာရှိ
လုပ်ချင်သေးလား…
အရှေ့အလယ်ပိုင်းအရေးမှာ ဒီလိုသာဆိုရင်….

ဒါပေမယ့်
ကိုယ့်ဝမ်းနာကိုယ်သာသိ
လူငယ်တွေခင်မျာ
ကိုယ်ဘာယုံကြည်မှန်း
ကိုယ့်ဟာကိုယ်မသိရှာကြလို့
ကိုယ့်စာကိုယ်ရေး
ကိုယ့်တေးကိုယ်ဆိုမယ့်
လူငယ်လူတော်များ
ထွက်လာဖို့အရေး
Internet ဘိုးဘိုးကြီးမစတော်မူပါ။

မင်းသန့်

နိုဝင်ဘာရဲ့မိုး

နိုဝင်ဘာရဲ့မိုး
ငိုနေတဲ့ကောင်းကင်ကနေ
ရင်ဘက်ထဲထိရွာတယ်။
ခရေတွေတောင်ညှိုးလို့.....
ဝမ်းနည်းနေတဲ့
ကြယ်နှစ်စင်း
မိုးသားတွေနောက်မှာ
တိတ်တိတ်လေးကြွကျသွားတယ်
ဒါပေမယ့်တောင် နဲ့ မြောက်ပဲ။
ဒိုင်ယာရီထဲက
ငါ့ကဗျာတွေ
ဒီအခန်းကျဉ်းထဲမှာ
တိတ်တိတ်လေး ညည်းတွားနေကြ၊
သူတို့ခမျာဆာလှပြီ။
မိုးစက်တွေကအခန်းနံရံကို
ဖောက်ဝင်မတက်၊
အထိတ်တလန့်နဲ့
အခန်းတံခါးကိုထပိတ်လိုက်တယ်
ငါငိုနေတာမင်းမသိစေချင်ဘူး။
--
မင်းသန့်

ဆောင်းရက်များအမှတ်တရ

ဘယ်သူကဘယ်လိုစခဲ့မှန်း မမှတ်မိတော့ပေမယ့်၊အဲဒီတုန်းက ဆောင်းတွင်း ဘက် မနက်စောစောဆို ကျွန်တော်တို့သူငယ်ချင်းတွေ တစ်ပါတ်ကို သုံး ရက်လောက်တော့ လမ်းလျှောက်ထွက်ဖြစ်ကြသည်။
သိပ်ဝေးဝေးလံလံ တော့လည်း မဟုတ်၊ကျွန်တော် တို့ရပ်ကွက်မှ ခပ်လှမ်းလှမ်းရှိ ငမိုးရိပ်ချောင်း
တံတားနားထိသာ။
ကျွန်တော် တို့ရပ်ကွက်မှအထွက် လမ်းမကြီးပေါ်သို့ရောက်လျှင် ခရေပင်ကြီးတစ်ပင် ရှိသည်။သူမ သည်ခရေပန်းမြင်လျှင် အလွန်ပျော်တက်ပြီး ကြွေနေသမျှတစ်ပွင့်မကျန် ကောက်တော့သည်။
ကျွန်တော်ကတော့ သူ့မျက်နှာကို ငေးကြည့်ရင်း ခရေပန်းကူ ကောက်ပေးဖို့ပင်မေ့နေတက်ခဲ့သည်။
သူ ခရေပန်းကောက်တာစောင့်ရင်း ကျွန်တော်တို့မှာ ဖြေးဖြေးလျှောက်ပါမှ နာရီဝက် မကြာသောခရီးကို တစ်နာရီလောက်ကြာမှရောက်လေ့ရှိသည်။
မကြာမှီဆောင်းဝင်တော့မည်။သူမအရင်လိုပဲ နှင်းတွေကြားမှာ ခရေပန်း တွေကောက်နေဦးမည်လား...။အလုပ်ချိန်မမှီလို့ ဘက်(စ)ကားတွေကို ပဲဒေါသထွက်နေမလား....။
ဘာပဲဖြစ်ဖြစ် အရင်လိုပဲလှနေဦးမည်ထင်ပါသည်။

မင်းသန့်

အတိတ်တပိုင်းတစ

အဲဒီနေ့တုန်းက ရွှေတိဂုံ ဘုရားပေါ်မှာ လူကခပ်ရှင်းရှင်းရယ်။ကျွန်တော်တို့က မြောက်ဘက်မုဒ် နားက ဇရပ်တစ်ခုမှာထိုင်ကြဖို့ ဆုံးဖြတ်လိုက်တယ်။ထိုင်ပြီးတော့လည်းဘာမှ ထွေထွေထူးထူးကလည်းလုပ်စရာမရှိတော့
သူငယ်ချင်းတစ်ယောက်က ဟိုဟိုဒီဒီ လျှောက်ကြည့်ဖို့ထွက်သွားရော။လာတာမှ သုံးယောက်တည်းဆိုတော့ သူနဲ့
ကျွန်တော်ပဲ ကျန်ခဲ့တော့တယ်။
တွေးကြည့်ရင် ရယ်စရာတော့ကောင်းသားပဲ။ကျွန်တော့်မှာ စိတ်တွေလှုပ်ရှားပြီး ဘာလုပ်လို့ဘာကိုင်ရမှန်း မသိ ဖြစ်နေတာ အခုပြန်တွေးတောင်ရယ်ချင်တယ်။သူကပဲ စကားစပြောတယ် နင်“မျက်နှာသီချင်း” နားထောင်ပြီးပြီလား
တဲ့။အဲဒီတုန်းက မျက်နှာသီချင်း ကတရားဝင်မှ မထွက်သေးပဲ။နောက်မှသာ ချစ်သူ့မျက်နှာဆိုပြီး တရားဝင်ထွက်တာကိုး။ကျွန်တော်လည်း မသိဘူး လို့ပဲပြောလိုက်တယ်။ဒါနဲ့သူကငါဆိုပြမယ်ဆိုပြီး ဆိုပြတယ်။
သူကသီချင်းဆိုကောင်းလှတယ်တော့မဟုတ်ဘူး။ဒါပေမယ့် ကျွန်တော့်စိတ်ထဲမှာ တော်တော်လေး ခံစားလိုက်ရတယ်။
ဘယ်လိုလည်းဆိုတော့ ကောင်းကင်တစ်ခုလုံး တိမ်တွေမရှိတော့ပဲ အပြာရောင်တွေပဲ ရှိတော့သလိုပဲ၊
နောက်ပိုင်းမှသိရတာက အဲဒီအချိန်က မျက်နှာသီချင်း က သူ့ခံစားချက်နဲ့ တော်တော်တိုက်ဆိုင်နေတာကိုး။ ကျွန်တော်အတွက်တော့ တစ်ဘ၀လုံးစာ အကြိုက်ဆုံးသီချင်းတစ်ပုဒ် ဖြစ်သွားတော့တယ်


မင်းသန့်

ဖြောင့်ထားသောအချက်

အသက်ကိုအပြန်ပြန်အလှန်လှန်
လက်ချိုးရေ
လူမသိတဲ့ငါ့အိပ်မက်တွေ
၂၄ နှစ်ကျော်ခဲ့ပြီ။
တခါကတော့
သူ့ကမ္ဘာကိုသူရှေ့ဆောင်
မှီသလောက်တော့
လင်းပခဲ့မယ်ဆိုတဲ့
အတွေးတွေနဲ့လေ....
ဒါပေမယ့်
ရာသီမမှန်ပဲပွင့်တဲ့ပန်း
မွန်းမတည့်ခင်နွမ်းခဲ့တယ်။
ကောင်းကင်မှာအမှောင်ကျ
ရှိသမျှအကုန်ဆုံးရှုံး
သူ့ခေါင်းကိုငုံ့လိုက်ရလည်း
ရင်ထဲမှာကဗျာတစ်ပုဒ်နဲ့
အချစ်ဆုံးသူရဲ့နာမည်
အစအဆုံး
မပျက်သုန်းပဲကျန်နေသေးပေါ့။
အချစ်ရယ်
ဖြစ်နိုင်သေးရင်
အာပေါင်အာရင်းသံသံနဲ့
ဥက္ကာလက်ဖက်ရည်ဆိုင်တွေထဲက
အူတီးအူတနဲ့ကောင်လေးတစ်ကောင်
ငါပြန်ဖြစ်ချင်သေးတယ်။
ဘာပဲဖြစ်ဖြစ်
ဒီတစ်ည၊နှင်းကျလို့
ခရေတွေများပွင့်ခဲ့ရင်
အရင်လိုပဲခေမာသီလမ်းမပေါ်မှာ
မင်းနဲ့ငါတစ်ခေါက်လောက်
လမ်းအတူတူလျှောက်ကြရအောင်လား။

မင်းသန့်

ဘောလုံးပွဲ

ရက်စက်တဲ့ပွဲသိမ်းခရာမှုတ်သံ
နားထဲကို၊သဲ့သဲ့မဟုတ်ပဲ
စူးရှရှဝင်လာတယ်
ငါ..ရှုံးသွား..ပြီ..တဲ့။
ဘ၀နဲ့ကန်တဲ့ပွဲမှာ
အပြန်အလှန်မကစားရပဲ
ဂိုးပြတ်အောင်ရှုံးခဲ့တယ်။
အချစ်ရယ်
မင်းငါ့ဘက်မှာမနေခဲ့တာ
ချွင်းချက်မရှိ
ပြားစွန်းမထွက်ပဲ
အပြည့်ကိုနိုင်ပါပြီ။

မင်းသန့်

သို့…မိန်းကလေး..

ကြယ်မစုံတဲ့ ညရဲ့လကို
ဘာမှာချင်သေးလည်း၊
အထီးကျန်သူချင်း
သတင်းလွေ့လွေ့၊ရှိခဲ့ကြတယ်။

အိပ်မက်ကလန့်နိုးတိုင်း
နောင်တတွေ
တရှိုက်မတ်မတ်၊
ယောင်ကိုင်းနေတဲ့အနာလို
ငါ့နှလုံးသားကထိုင်းအနေခဲ့တယ်။

ဒီလိုနဲ့
မင်းရွေးတဲ့လမ်း ငါ့ဘက်ခြမ်းမှာ
မဟုတ်မှတော့
ငါလျှောက်တဲ့လမ်း
ကန္တာရလိုကြမ်းခဲ့တာ
မဆန်းတော့ဘူးကွယ်။

မင်းသန့်

ခံဝန်ချက်

အစကပြောရမယ်ဆို
ဘ၀ကိုလှအောင်
မွေးတည်းကမနေတက်ခဲ့ဘူး။

ရူးနှမ်းနှမ်းအိပ်မက်တွေနဲ့
ကြုံသလိုပျော်တဲ့…ငါ
ခုထိပလက်ဖောင်းတွေပေါ်
လျှောက်နေရတုန်းပဲ။

ဒါပေမယ့်
တစ်ခါတလေတော့လည်း
လွမ်းသလိုလိုဆွေးသလိုနဲ့
အချစ်ကိုတောင့်တခဲ့ဖူးသား…..

အိမ်ရယ်လို့အတိအကျမရှိ
လေနှင်ရာလွင့်ရင်း
စိတ်ကူးကတိမ်တွေပေါ်ထိရင့်ကျူး
အိပ်မက်နဲ့ရူးလဲ
သေချာတယ်
ငါမယုံကြည်တာကိုတော့
ဒီနေ့ထိမလုပ်ခဲ့ဖူးဘူး။

မင်းသန့်

ဘလိုင်းဒေါင်း

သူ့မျက်ဝန်းတွေကိုငါကပြုံဲးပြတော့
သူ့မျက်ဝန်းတွေကငါ့ကိုပြုံးပြကြတယ်
အချစ်မှာစုံလုံးကန်း
ရူးရူးနှမ်းနှမ်းနဲ့ငါ
သူ့အချစ်ကိုငါရတယ်
ဒါပေမယ့်သူ့အချစ်ကိုငါမရဘူး
ရိုးရိုးသားသားကစားပွဲထဲမှာ
ဂျိုကာမပါဘူး
စပိတ်တစ်မပါဘူး
ဒိုင်းမွန်းဆဲဗင်းမပါဘူး
ပိုက်ဆံဖဲတွေမပါဘူး
အချစ်မှာကံမကောင်းတဲ့
ရင်ဘတ်ဟောင်းလောင်းနဲ့ငါ
ဒီတစ်ခါလည်း ဘလိုင်းဒေါင်းပြန်ပြီ။
လင်းကို

ဖြစ်နိုင်ရင်

ဖြစ်နိုင်မယ်ဆို
ဘ၀ကိုသီချင်းသံလေးနဲ့နစ်မျော
ရုပ်ရှင်တကားလို
ပျော်ပျော်ကြီး ပြီးပစ်လိုက်ချင်တာပေါ့

ဒါပေမယ့်
မလွှဲသာတဲ့မုသားတွေကြားမှာ
ငါ့ဘ၀ကိုပြုစားမယ့်လူတွေ
တစ်ပုံတစ်ပင်နဲ့
မယုံချင်လဲ
ခေါင်းအကြိမ်ကြိမ်ငြိမ့်ခဲ့ရတယ်။

မေမေရေ
ညစာသာစားနှင့်လိုက်ပါတော့
သားကတော့ ဒီညလည်း
နောက်ကျဦးမှာပါ။

ခရီးမဆုံးသေးခင်

ချစ်တက်တာ၊မချစ်တက်တာ
အသာထား
သံယောဇဉ်တစ်ခုနဲ့
ဘ၀ကိုတည်ဆောက်ကြမယ်ဆိုတော့
စိတ်ကူးယဉ်မဆန်လိုက်တာတဲ့။

ဒီလိုပေါ့လေ
ဘ၀ဆိုတာ
ခပ်ခါးခါးမဟုတ်လား ညီမလေးရဲ့။

မင်းယုံကြည်တဲ့ညတွေက
ကြယ်တွေဝေဖို့ဆို
ငါရင်ခွင်က နက္ခတ် စုံစေရမှာပေါ့။

ဒါပေမယ့်လေ
ကြိုးစားသလောက်
လူရာမ၀င်သေးခင်တော့
ကြုံသလိုလေးနှစ်သိမ့်
ငါ့ရင်ခွင် လင်းတလှည့်မှိန်တလှည့်ပေါ့။

မင်းသန့်

လှည့်ကွက်

မိုးသည်တစ်ညလုံးသွန်ချသလိုရွာနေခဲ့သည်။အိပ်မက်များမှာလည်းအရိပ်များနှင့်မသဲမကွဲသာဖြစ်သည်။
လမ်းအတိုင်းလူတစ်ယောက် ဘယ်ညာယိမ်းထိုးလျက်လျှောက်လာနေသည်။ကြည့်ရုံနှင့်ဘ၀ကသူ့အပေါ်
ကောင်းစွာအနိုင်ယူပြီးမှန်းသိသာလောက်အောင်အရှုံးသမားပုံပေါက်နေသူဖြစ်သည်။
ဘာကြောင့်ရယ်မသိ ခွေးတစ်ကောင်ဆွဲဆွဲငင်ငင် အူလိုက်သည်။ည သည်ရုတ်တရက်အားလုံးပြည့်စုံသွား
သည်။

ထို့ကြောင့်ထင်သည် ကျွန်တော်ရုတ်တရက်သတိဝင်လာသည်။မိုးလင်းရန်အတော်လိုနေသေးသည်။
နေရာတစ်ခုတော့ရှာဦးမှဖြစ်မည်။တစ်ညလုံးမိုးရေထဲအခုလိုလျှောက်မနေနိုင်ပါ။ညလုံးပေါက်ဖွင့်သည့်ဆိုင်
တစ်ဆိုင်ဆိုလျှင်အဆင်ပြေပါလိမ့်မည်။

ဆိုက်ကားဆရာကသူ့ဆိုက်ကားကိုညင်သာစွာရပ်လိုက်သည်။ဆိုင်ကတော့သိပ်သားသားနားနားမဟုတ်လှ၊
သို့သော်ကျွန်တော့်လက်ကျန်ငွေနှင့်တော့ကိုက်ညီမည်ထင်ပါသည်။ဆိုင်ထဲတွင်လူအချို့ရှိနှင့်နေသည်။
သတိမထားလိုက်မှီမှာပင်ကောင်လေးတစ်ယောက်ဘေးနားမှာလာရပ်ပြီးဖြစ်နေသည်။
“ဘာစားမလဲအကိုကြီး” ကောင်လေးကိုကျွန်တော်သဘောမကျပါ။အထူးသဖြင့်သူ့မျက်လုံးတွေကိုမကြိုက်ပါ။
ရုတ်တရက်ကျောထဲကစိမ့်လာသဖြင့်နောက်ကိုလှည့်ကြည့်လိုက်မိသည်။မိန်းမတစ်ယောက်ကျွန်တော့်ကိုပြုံး
ပြီးကြည့်နေသည်။သူ့ကိုကျွန်တော်မသိပါ။ကျွန်တော်ကြည့်လိုက်တော့သူကသူ မကြည့်သလိုလုပ်နေပါသည်။
မိန်းမဆိုတာဒီလိုပဲဟုမှတ်ချက်ချရင်းလက်ထဲကစီးကရက်ကိုဖွာနေလိုက်သည်။

ဆိုင်ကယ်တစ်စီးဆိုင်ရှေ့တွင်ရုတ်တရက် ထိုးရပ်လိုက်သည်။ဆိုင်ကယ်သမားသည်ထိုင်နေသည့်မိန်းမဆီ
တန်းသွားပြီးလက်တစ်ဖက်ကိုမြှောက်လိုက်သည်။တစ်ချိန်ထဲမှာပင် ထိုမိန်းမလက်အတွင်းသို့ဓါးတစ်လက်
မျက်လှည့်ပြသလိုရောက်လာပြီး ထိုးချလိုက်လေသည်။အဖြစ်အပျက်ကမြန်ဆန်လှသည်။
“ဟေ့” ဟုကျွန်တော်တစ်ခွန်းအော်လိုက်ပြီးထရပ်လိုက်သည်။သို့သော်လက်ကိုအကိုင်ခံလိုက်ရသဖြင့်လှည့်
ကြည့်လိုက်တော့စားပွဲထိုးကောင်လေးကကျွန်တော်ကိုခေါင်းခါပြသည်။နားမလည်နိုင်စွာကြည့်နေဆဲမှာပင်
ကျွန်တော့်ကိုလိုက်ပို့သည့်ဆိုက်ကားသမားရောက်လာပြီးဓါးထိုးခံထားရသူကိုတင်၍ထွက်သွားလေသည်။
ဓါးနှင့်ထိုးသည့်မိန်းမကိုလှန်းကြည့်လိုက်တော့ခုံတွင်ပြန်ထိုင်နေသည်ကိုတွေ့ရသည်။
ကျွန်တော်သူ့ဆီကိုလျှောက်သွားပြီးတည့်တည့်ပဲမေးလိုက်သည်။ “ဒါဘယ်လိုဖြစ်တာလဲ” ဟုတ်သည်
ကျွန်တော်သိရမှဖြစ်မည်။သူကကျွန်တော်ကိုစိုက်ကြည့်ပြီးပြန်မေးသည်။“ရှင်နဲ့မဆိုင်တာကိုဘာလို့သိချင်နေတာလဲ”။တဲ့



ကဲစာဖတ်သူ ခင်ဗျားကောဘာလို့ ကိုယ်နဲ့မဆိုင်တာကိုသိချင်နေတာလဲ?

မင်းသန့်

"ချဉ်ခြင်း"

မျှော်ကြည့်လို့မဆုံးနိုင်ဘူး
အလွမ်းတွေတပျော်တပါး
ခရီးတွေသွားနေကြတာ …
အတိတ်ကိုလည်းသွားလားသွားရဲ့
အနာဂတ်ကိုလည်းသွားလားသွားရဲ့
နေ့တွေညတွေ နဲ့
တော တောင် မြေပြန့်စကြ၀ဠာမကျန်
အလွမ်းတွေဖြန့်ကျက်နေကြတာ
အလွမ်းတွေလှုပ်ရှားနေကြတာ
မိသားစုနွေးထွေးမှုလည်း ပါရဲ့
သူငယ်ချင်းတွေရဲ့ချစ်ခြင်းလည်း ပါရဲ့
ချစ်ရသူရဲ့စကားသံတွေလည်း ပါရဲ့
နွေးထွေး ပျော်ရွှင် ရင်ခုန် လှိုက်မော
ကြည်နူး ငြိမ်းချမ်း အေးမြ တည်ငြိမ်
(နောင်တတွေထွက်မလာခင်
ဒီအလွမ်းကို ငါရပ်ပစ်ချင်တယ် )
မျှော်ကြည့်လို့မဆုံးနိုင်ဘူး
အလွမ်းတွေတပျော်တပါး
ခရီးတွေသွားနေကြတာ …
အလွမ်းတွေတပျော်တပါးအလုပ်များနေကြတာ
မျှော်ကြည့်လို့ကိုမဆုံးနိုင်ဘူး …။


သော်တာ(29.6.09)

" တကယ်တော့ … "

နင့်မျက်နှာကို
အရိပ်တကြည့်ကြည့်နဲ့
ပုစ္ဆာတပုဒ်လိုဖတ်မှတ်နေခဲ့တာ…။
နင်လိုတာ မလိုတာ ငါမတွေးခဲ့ …
ဟန်ဆောင်ပြီး နင့်ကို မနှစ်သိမ့်ခဲ့ …
ငါမျှော်လင့်ခဲ့သမျှ နင့်မျှော်လင့်ချက်ပြည့်ဖို့
ငါနာကျင်ခဲ့သမျှ နင်မနာကျင်ရဖို့
ငါလက်ခံခဲ့သမျှ နင်ငြင်းပယ်မခံရဖို့
တကယ်တော့ ငါဟာ
နင့်အတွက် သော့မလိုတဲ့တံခါး….
နင်ပင်ပန်းရင် နားစေချင်ခဲ့တဲ့
နင့်အတွက် ခင်းကျင်းထားခဲ့တဲ့ အခန်း…။
တကယ်တော့လေ ငါဟာ
ရေမလိုတဲ့ ပန်းမျိုးအတွက်
မှားပြီးရွာပေးမိတဲ့
အလိုက်ကန်းဆိုးမသိတဲ့ မိုး …။ ။
သော်တာ (၈.၆.၀၉)

ဇာတ်သိမ်းခန်း

မျှော်လင့်ထားတာထက်
ပိုပြီးတိတ်တိတ်ဆိတ်ဆိတ်
ရှိနေခဲ့တယ်။

ရုတ်တရက်ကျရောက်လာတယ်
ဆိုပေမယ့် ...
မမျှော်လင့်ထားခဲ့တာတော့မဟုတ်ပါဘူး။

ဖြစ်နိုင်ရင်
ဒီကဗျာကိုခုထက်ပိုပြီုး
နင့်နင့်သည်းသည်းရှိစေချင်ခဲ့တာ
ဒါပေမယ့် အသည်းသာကွဲရော
ရင်ထဲက အချစ်က
ဒီအတိုင်းကျန်နေတုန်း

ဒီလိုနဲ့ ...
ကျောမခိုင်းပဲ
တစ်ယောက်တစ်လမ်း
မဆုံတမ်းလျှောက်ခဲ့ကြရတော့တယ်။

မင်းသန့်

ပုံသဏ္ဍာန်မမှန်တဲ့နေ့

ပုံသဏာန်မမှန်တဲ့နေ့က
နင့်နင့်သည်းသည်းရွာတဲ့မိုးတွေ
အတွေ့အကြုံမရှိတဲ့ ချောင်းငယ်မြောင်းငယ်တွေကို
ပျော်တော်ဆက်ပေးနေတယ်
ပြီးတော့လည်းပြီးသွားတာပါပဲ
ဟောဒီရင်ခွင်ကသာ
မတောက်တခေါက်နွေးထွေးမှုကို
စွတ်စိုမှုနဲ့စတေးခံခဲ့
အိပ်တန်းပြန်မယ့်ငါတို့ရဲ့ငှက်တွေမှာ
သစ်ပင်မရှိတာမဆန်းတော့ဘူး
one for sorrow.....
ငါ့အတွက်တော့.....
two for sorrow..
three for sorrow..လည်းဖြစ်တယ်
ဒီနေ့ကတော့တကယ့်ကို
ပုံသဏာန်မမှန်တဲ့နေ့ပဲ။။
လင်းကို

သစ်စိမ်းချိုး

မြက်တစ်ပင်ရဲ့ရှင်သန်မှုဟာ
အခြားမြက်တစ်ပင်မဟုတ်မှန်းသိတဲ့နောက်
ကျွန်တော်လူလားမြောက်ခဲ့ပြီ
အင်းပေါ့လေ
သူ့အတွက်ရှင်သန်မယ်ဆိုတဲ့စိတ်ကူး
အဆိပ်စူးတွေစူးခဲ့ပြိကိုး
အချစ်ကိုငွေနဲ့ဝယ်လို့မရဘူး
ဒါပေမယ့်ရှင်သန်မှုကိုတော့
ငွေနဲ့ဝယ်လို့ရတယ်
အချစ်မှာပကာသနတွေမလိုဘူး
ဒါပေမယ့်လူတစ်ယောက်ရှင်သန်ဖို့အတွက်တော့
ကောင်းကောင်းကြီးလိုတယ်
ကျွန်တော်အ၀ယ်ခံခဲ့ရတယ်
လိုအပ်ချက်တွေကြားထဲမှာ
အပယ်ခံခဲ့ရတယ်....
နောက်ကျပြီးမှသီးတဲ့မျှော်လင့်ချက်တွေ
ဘာအတွက်များမှည့်နေကြဦးမှာလည်း
ကျွန်တော့်အတွက်တော့
အစိမ်းသက်သက်အချိုးခံရမယ့်
သစ်ကိုင်းတစ်ကိုင်းသာလိုခဲ့။။။။

လင်းကို

ဘ၀(သော်တာ)

ဘဝ

တပြေးညီကွဲပြားမှုများကို တနေရာထဲတွင် စိတ်တိုင်းကျရရှိနိုင်သည်မှာ ဘ၀ ဖြစ်သည်။
နေ့ရက်၊ အချိန်၊ နေရာ စသော အရေးမပါမှုများနှင့် ထပ်တူအရေးတယူပြုမူခြင်းခံရသော
ဂုဏ်၊ချမ်းသာကြွယ်ဝမှု ၊ မျိုးရိုး အဆင့်အတန်း တို့ သေချာကျနစွာ ခွဲခြားထားသည်ကိုလည်း လေ့လာနိုင်သည့်နေရာဖြစ်သည်။
ရေရာသေချာမှုများနှင့် မရေရာမသေချာမှုများ အားလုံးတို့ကို ခွဲခြားမစွမ်းနိုင်သော မသိခြင်းအမှောင်ထုလည်း
ဘ၀ တိုင်းအတွက် မွေးဖွားချိန်မှသေဆုံးချိန်အထိ ပါဝင်ပါသည်။
သင့်အတွေးထဲတွင်ရှိသော ဘ၀သည် အပြင်ဘ၀နှင့်ထပ်တူကျခြင်း မကျခြင်း မှာပြီးဆုံးခဲ့ပြီးသော
အတိတ်ဘ၀နှင့်မည်သို့မျှသက်ဆိုင်ခြင်းမရှိပါ။
ကွဲပြားမှုများသည် ညင်သာလျှင်မြန်လွန်းသော်လည်း ဘ၀တွင် အချိန်တိုင်း ရွေ့လျားပြောင်းလဲနေသည်ကို သင်တွေ့ရမည်။
ချစ်စဖွယ်ကလေးငယ်ဘ၀တွင် ဟစ်တလာ အပြစ်ကင်းသည်။
ချာလီချက်ပလင် အပြစ်ကင်းသည်။ မိုးဟေကို အပြစ်ကင်းသည်။
အပြစ်ကင်းစင်မှုတခုတည်းကြောင့်ဆိုလျှင် ကလေးငယ်ဘ၀တွင် လူတိုင်းသူတို့ဘ၀ကိုအဆုံးသတ်ချင်ကြမည်။
ငါးပါးသီလစောင့်ထိန်းခြင်းကြောင့် ခါးပိုက်နှိုက်တစ်ယောက် ထမင်းငတ်နိုင်သည်။
အလုပ်ရှင်ကျင့်ဝတ်စောင့်ထိန်းခြင်းကြောင့် အလုပ်သမားတိုင်းထမင်းဝနိုင်သည်။
ဘ၀ တွင် အရေးပါသည်ဟု အများကသတ်မှတ်မှုအားလုံးကို ဖြတ်စီးပစ်လျှင် တကယ်အရေးပါမှုကိုရှာတွေ့နိုင်မည်လား။
ရက်စက်သောဖိနှိပ်ခံအခြေအနေတွင် ဘ၀သည်ခါးသီးစွာ လှသည်။
အောင်မြင်မှုပေါင်းများစွာ သရဖူဆောင်းနေရသောအခြေအနေတွင် ဘ၀သည် မက်မောစရာကောင်းစွာ လှသည်။
မိမဲ့ဘမဲ့ အခြေအနေတွင် ဘ၀သည် အထီးကျန်စွာ လှသည်။
ယုတ္တိကျကျကွဲပြားမှုများနှင့် သဘာဝလွန်ကွဲပြားမှုများကြားတွင် ဘ၀သည်အမှန်တကယ်ရှိမနေခဲ့ပါ။
စိတ်ကူးနှင့် လက်တွေ့သဟဇာတမဖြစ်မှုများကြောင့် ဘ၀သည် ရေးကြီးခွင်ကျယ်ကိစ္စဖြစ်လာခဲ့သည်။
သို့သော် ဘ၀သည် မသိမှုများကြောင့် လှသည်။ ဘ၀သည် အရေးမပါသည့် အရေးပါမှုများကြောင့် လှသည်။
ဘ၀သည် စိတ်ကူးမျှော်လင့်ချက်ကြောင့် လှသည်။ ဘ၀သည် တကယ်မရှိသော အရှိတရားများကြောင့် လှသည်။
ဘ၀သည် စီးဆင်းလှုပ်ရှားနေသော မတည်မြဲမှုများကြောင့် လှသည်။
သင့်တွင်ဘ၀တခုရှိနေသည်ဟု သင်သတိထားမိခဲ့လျှင် သင့်ဘ၀တွင် အလှတရား တခုခုရှိနေမှာ သေချာပါသည်။

သော်တာ (19.5.09)

မိုးနေ့

ငါ့ရှေ့ကကော်ဖီခွက်
မျှော်လင့်ချက်နဲ့
တထောင်းထောင်းထနေချိန်
ခေါင်မိုးပေါ်ကမိုးရေစက်တွေ
မျက်ရည်စက်လက်နဲ့
ငိုကြွေးကြ၊
မိုးဟာအဓိပါယ်မရှိ
ဆက်ပြီးရွာနေတယ်။
လက်ကြားက လန်ဒန်တစ်လိပ်
ညကလက်ကျန်ပုလင်းအခွံတွေ
ခေါင်းအုံးလို့
ဒီလိုအထီးကျန်တဲ့မိုးနေ့တွေကို
ဖြတ်သန်းဦးပေါ့။
ဘ၀က သုညကိုပဲထပ်မွေးပေးတယ်။

မင်းသန့်

ဒီမနက်ခင်း

နေရောင်ခြည်မတောက်တခေါက်မှာ
မနက်ခင်းကိုဖွင့်လိုက်တော့
မျက်လုံးတွေအိပ်ယာထကြတယ်
စိတ်ကူးတွေကအိပ်တုန်း
ပါးစပ်တွေကကော်ဖီရနံ့စွဲပြီး
အတွေးတွေကရနံ့ပြယ်လို့.........
ခန္ဒာကိုယ်ကလှုပ်ရှားနေပြီး
ရင်ခုန်သံကမလှုပ်မရှက်..........
ခြေထောက်တွေကသွားနေပြီး
ဦးနှောက်ကမသွားနိုင်တော့.......
ဟောဒီမနက်ခင်းမှာ
ခံစားမှုကလွဲပြီး
အရာရာအသက်ဝင်နေတယ်......
လင်းကို

ရွက်ကျပင်ပေါက်

ဒီပန်းခင်းထဲမှာတော့
အလေ့ကျပေါက်ပင်တွေက ငါတို့ပေါ့
ပန်းပင်လေးတွေပိုးကျတော့
ငါတို့စိတ်ဓာတ်တွေပါပိုးကျနေတယ်
ဘ၀က....ပေါင်းမြက်တွေလို
မခေါ်ပဲနဲ့သုတ်ခနဲဝင်လာတဲ့လေပြည်လို
အရောင်တွေဖြန့်ထားတဲ့နေခြည်လို....
ကစဉ့်ကလျားနဲ့....။
ငါတို့ငေးရတယ်........
ရောင်စုံပန်းပွင့်တွေကို..
အလင်းအမှောင်မကွဲပြားတဲ့နေ့..ညတွေလို
ရေစိုနေတဲ့...စာမျက်နှာတွေလို
ဖျတ်ခနဲတွေ့လိုက်ရတဲ့မျက်နှာတွေလို
မထင်မရှား....ခြားနားစွာနဲ့။
ငါတို့ရှိုက်ယူရတယ်....
လေထုထဲကသစ်ဂျပိုးရနံ့လို
ကံ့ကော်ပင်အောက်ကရွက်ကြွေရနံ့လို
နွေဦးမိုးရဲ့မြေသင်းနံ့လို
အခွံမဲ့နေတဲ့ ငှက်ပျောသီးလေးရဲ့....
နောက်ဆုံးမွှေးရနံ့လို......
စက္ကူပန်းတွေရဲ့နောက်ဆုံးရနံ့လို
စူးစူးရှရှ လတ်ဆတ်စွာနဲ့
မျက်လုံးတွေသာကျယ်ကုန်ကြတယ်
အိပ်လို့ကောင်းနေတုန်း
ဘ၀က ပိုးကျနေတုန်း........။
လင်းကို

ဘ၀(မင်းသန့်)

ဘ၀ကိုကဗျာတစ်ပုဒ်လိုစကားပြေသို့ပြန်လို့ရရင် ခဏခဏအဓိပါယ်ဖွင့်ကြည့်မိမည်ထင်သည်။
ရုပ်ရှင်ကားတစ်ကားထဲမှာဘ၀ရှိ၊မရှိ နှင့် ၀တ္တုတစ်အုပ်ထဲမှာ ဆိုတာတွေးကြည့်စရာမကောင်းလှပါ။
ကျွန်တော်တို့အလိုရှိလျှင်ကြိုက်သလိုအဓိပါယ်သက်မှက်ခံရန်ဘ၀သည်အမြဲအဆင်သင့်ရှိနေခဲ့ပါသည်။
ဥပမာများစွာ အဆိုအမိန့်များစွာနှင့်အဓိပါယ်ဖွင့်ဆိုလျှင်လည်းဘ၀သည်အပြုံးမပျက်ဒီအတိုင်းဆက်ပြီး
လျှို့ဝှက်ဆန်းကြယ်နေမြဲသာဖြစ်သည်။

နောက်ဆုံးအချိန်တွင်ဘာကိုမှဆက်ပြီးသိမ်းပိုက်မထားနိုင်သော
ဘ၀မှာကျွန်တော်တို့သည်အရာအများအပြားကိုသိမ်းပိုက်နိုင်ရန်ကြိုးစားရင်းဖြတ်သန်းလျက်ရှိပါသည်။
မသေခင်အတွက်လို့ကိုယ့်ကိုကိုယ်ဆင်ခြေပေးကြရင်းလိုအပ်တာထက်ပိုမိကြပါသည်။ကိုယ့်ဝမ်းနာကိုယ်
မေ့ကြပါသည်။

သို့သော်အလင်းရောင်သည်လုံးဝပျောက်ဆုံးမနေပါ။နှလုံးသားထဲမှဦးထိပ်ပန်ဆင်နိုင်လျှင်အလင်းရောင်၏
ဘာသာစကားကိုနားလည်နိုင်ပါလိမ့်မည်။ထိုအတွက်ဆန္ဒနှင့်ကြိုးစားအားထုတ်မှု့သာလိုအပ်ပါသည်။
သစ်ပင်တစ်ပင်ချင်းကြည့်နေသဖြင့်တောအုပ်ပုံကိုမသိချင်းနှင့်တောအုပ်ကိုသာကြည့်သဖြင့်သစ်ပင်တွေကို
ဂရုမစိုက်မိချင်းအဖြစ်မှကင်းဝေးပြီးမျက်မမြင်ပုံဏ္ဏားခြောက်ယောက်ဘ၀မှလဲလွတ်မြောက်နိုင်ပါသည်။

သို့သော်နေစဉ်လူမှု့ဘ၀ကအမြင့်ပြန်မည့်ခြေထောက်များကိုလေးလံစေပါသည်။
အတွေးအခေါ်များကိုအချုပ်နှောင်မိစေပါသည်။ရုံးထွက်ရခက်စေရန်မေ့လျော့ခြင်းကိုစစ်ကူအနေနှင့်သုံးသောအခါ
ကျွန်တော်တို့အနေနှင့်အရှုံးပေးလိုက်ရန်မှလွဲ၍အခြားမရှိတော့ပါ။



မင်းသန့်




ဘ၀ (လင်းကို)

Copyသီချင်းဆိုသောသူများမပင်ပန်းကြပါ။ဖြစ်နိုင်လျှင်ကျွန်တော်လည်းဘ၀ကိုcopy သီချင်းလုပ်ပြီးသာဆိုပစ်လိုက်ချင်ပါသည်။
ကျွန်တော်သောက်နေကြပေါ့ဆိမ့်လက်ဖက်ရည်သည် ကျွန်တော့်ဘ၀မဟုတ်သော်လည်းကျွန်တော့်copy သီချင်းဖြစ်လိမ့်မည်။.....
ထိုသို့ဖြင့်အံဝင်ခွင်ကျလွဲချော်နေသောဘ၀တွင်ကျွန်တော်နေသည်..။Cybercafeများတွင်ထိုင်သည်။
သီချင်းမရှိသောလက်ဖက်ရည်ဆိုင်များတွင်ထိုင်သည်။
နေ၀င်ချိန်ကိုမြင်ရသောနေရာတစ်ချို့တွင်ကျွန်တော်ထိုင်သည်..။
တစ်ချို့တွေသွက်သွက်လက်လက်ဖြင့်ဘ၀ကိုရင်ဆိုင်နေကြသည်။ကျွှန်တော်သာထိုင်ကြည့်သူဖြစ်နေတုန်း..။
လမ်းလျှောက်ထွက်ဖို့အတွက်ကျွန်တော်ထိုင်နေခြင်းလား...ထိုင်နေဖို့အတွက်လမ်းလျှောက်နေခြင်းလား...
ကျွန်တော်မသိခဲ့ပါ...။ပြတင်းပေါက်မှကြည့်လျှင်ကြယ်များကိုမြင်ရသည်.....ကြယ်ပေါ်မှကြည့်လျှင
်ကျွန်တော့်ပြတင်းပေါက်ရှိနေပါ့မလား........။ကျွန်တော်အတွေးတွေထဲမှာနစ်နေသည်။
လောကကြိးဆီကပိုက်ဆံကောက်ရသောလူတစ်ချို့ကကျွန်တော့်ညကိုဝယ်သွားကြသည်။
သီချင်းအတုကိုဝယ်သွားကြသည်။ကျွန်တော်ဝယ်ချင်သောအရာမှန်သမျှကိုဝယ်သွားကြသည်။
ဘ၀သည်ကျွန်တော်အလွန်ကြိုက်သော မင်းလူဝတုများထဲမှတစ်ပုဒ်သာဖြစ်စေချင်ပါသည်...။
အတိတ်ဆိုသည်မှာ..
အမှိုက်ခြင်းထဲမှလုံးချေထားသောစကူဖြစ်သည်..။မျက်နှာမပြ၀ံ့သော ကန့်သတ်နယ်မြေဖြစ်သည်...။
မျှော်လင့်ချက်များဧ။်သံစုံတီးဝိုင်းဖြစ်သည်....။အားကုန်ရိုက်ခွဲခံရသော ရေခဲတုံးဖြစ်သည်....။အသည်းခွဲသူများဧ။်ပန်းခြံဖြစ်သည်.....။
ရှည်လျှားလွန်းသော မြက်ပင်များဖြစ်သည်....။ခါးသက်သောအရသာရှိသည့်ဘီယာတစ်ဘူးလည်းဖြစ်သည်.....။
ပစ္စုပန်ဆိုသည်မှာ......
အပြုံးများနှင့်နေရောင်ခြည်နေ့ရက်ဖြစ်သည်.....။ပန်းပွင့်များဖြင့်မွှေးသောအိပ်ယာဖြစ်သည်......။
တရားစာအုပ်တစ်အုပ်ဧ။်မာတိကာဖြစ်သည်..။လေညှင်းနှင့်ပက်သည့်လယ်ကွင်းစိမ်းဖြစ်သည်.....။
ကြယ်မကြွေရသောဒေသဖြစ်သည်...။သူငယ်ချင်းကောင်းတစ်ယောက်......နှစ်ချို့ဝိုင်တစ်ပုလင်းနှင့်......
ဂစ်တာတစ်လက်တို့ဧ။်ကိုင်းညွှတ်မှုဖြစ်သည်။ ဗာဒံပင်များဧ။်အေးမြမှုလည်းဖြစ်သည်.......။
အနာဂတ်ဆိုသည်မှာ.......
စာတစ်ပုဒ်ရေးရန်အတွက်ဘောလ်ပင်အဆင်သင့်ရှိသည်။ဘ၀ကိုရေးခြစ်ရန်ဘောလ်ပင်အဆင်သင့်ရှိပါဧ။်လော...။
ကျွန်တော်ချစ်သောကောင်မလေးကိုသာစင်မြင့်ထက်ပို့ချင်သည်။ ဒညင်းသီးကိုကျွန်တော်အနံ့မပါလျှင်ကြိုက်မည်...။
မတရားသဖြင့်ဆက်ဆံခြင်းကိုကျွန်တော်ရွံရှာပါသည်..။သို့ရာတွင်အားကြီးသူနှင့်အားငယ်သူကျွန်တော်မခွဲခြားတတ်ခဲ့။
လင်ကွန်းကိုကျွန်တော်သိသော်လည်း မာသာထရီဆာကိုကျွန်တော်မရင်းနှီးပါ..။
နွေမကုန်ခင် ရွာသောမိုးတွင်ထီးအဆင်သင့်မရှိ...။ရွှံ့နှင့်ရေရောသောဗွက်အိုင်များသာရှိသည်..။
ဘ၀တွင်ကျွန်တော်အမှန်တကယ်နေထိုင်ပါသည်...။သို့ရာတွင်ကျွန်တော်ဧ။်နေထိုင်ခြင်းသည်အမှန်တကယ်ဖြစ်ပါဧ။်လော....။
လောကတွင်အင်အားရှိသောစကားကချို့တဲ့သောစကားကို မြိုပစ်သည်..။အားကြီးသူကအားနည်းသူကို ဖယ်ပစ်သည်....။
ဆင်ခြင်တုံတရားတစ်ခုသာ အားလုံးကိုအောင်နိုင်လိမ့်မည်.....။ကျွန်တော့်ဘ၀အတွက် တကူးတကလုပ်ပြီးဘယ်သူ့ကိုမှမမြိုချင်သလို
ဘယ်သူ့ကိုမှလည်းမဖယ်ပစ်ချင်ပါ...။လမ်းကြုံလျှင်လည်း လုပ်ဖြစ်လိမ့်မည်မဟုတ်ပါ....။
မင်းသန့်ကဘာပြောမည်နည်း....။ပြည့်ဖြိုးအောင်၊ သော်တာ၊ Bijin၊ Koala၊ Greenmoon၊ ခိုင်သဇင် တို့ကဘာပြောမည်နည်း...။
ကျွန်တော်မသွားရသေးခင်မှာပင် ဘ၀က ရောက်နှင့်ခဲ့ပြီးပြီ..။
လင်းကို

ကောင်းကင်အလွန်ချိုင့်ဝှမ်း၏တူးဆွခြင်း

အ၀ါရောင်များ
အနီရောင်
ပိန်းပိတ်အောင်မှောင်လျက်
ကျွန်တော်ဘက်ကပြတင်းပေါက်
တစ်ခြမ်းဖွင့်လျက်
အိပ်မက်တွေသေဆုံးပြီးလျင်.........

စကားလုံးများ၏ လွဲမှားမှု့မှာ
ကဗျာရေးသူ၏လွဲမှားမှု့မဟုတ်ပါ။
ထို့ကြောင့် အဂ္ဂါအယ်လင်ပိုးသေပါသည်။
ထို့ကြောင့် မောင်ချောနွယ်သေပါသည်။
ထို့ကြောင့် တာရာမင်းဝေသေပါသည်။
ကျွန်တော်လည်းမြန်မြန်သေနိုင်ပါသည်။

အမှန်တရားနောက်လိုက်ရင်း
ပျောက်ဆုံးသွားသောအရာများ
ကောင်းကင်၏တစ်နေရာရာတွင်
ရှိလိမ့်မည်ဟုယူဆခြင်းမှာ
အတ္တကြီးမှု့သာဖြစ်လျှင်
အနုပညာမှာ လူတွေနှင့်ဝေးရာသို့
ပြေးပါလိမ့်မည်။

နိမ့်ကျသွားသောဖြစ်စဉ်
အချို့ကြောင့် ဘ၀အချို့နလံမထူနိုင်တော့ချေ။
ထိုကိစ္စမှာ မာယာ(အထူးသဖြင့် မိန်းမများ)နှင့်
မည်သို့မျှသက်ဆိုင်ခြင်းမရှိပါ။

ဒီကဗျာကို ကွင်းစကွင်းပိတ် စကားများ
နည်းအောင်ကြိုးစားရေးပါသည်။
ထို့ကြောင့် ကျွန်တော် ၀မ်းမနည်းပါ။

မမြင်နိုင်ရုံ နှင့်မရှိပါဟု
ခင်ဗျားငြင်းဆိုလာသောတစ်နေ့
ကိုယ်တိုင်တူးဖော်ထားသော
ယခုလို စကားလုံးအကျိုးအပဲ့များနှင့်
ဆက်လက်ငြင်းဆန်သွားမည်ဖြစ်ပါကြောင်း..................။

မင်းသန့်

မျှော်လင့်ချက်

နွေရာသီမရောက်သေးပေမယ့်
ရင်တစ်ခွင်လုံးပတ်ကြားအက်
ချူပ်ရိုးမဖြေရသေးတဲ့ငါ့ရဲ့ညတွေ...................
တစစ်စစ်နာနေတုန်းပါပဲ
သူ့အကြည့်တစ်ချက်နဲ့တင်
ဘ၀ကသစ်ရွက်ခြောက်လို ကြေမွသွားရတယ်
တိမ်တိုက်လေးတွေရယ်
စကားတစ်ခွန်းအမှန်ဆိုချင်ပါတယ်
သူခေါင်းညိတ်ခဲ့တယ်
့် သူခေါင်းခါခဲ့တယ်
သူလေအပြောင်းအလဲမြန်လွန်းပါတယ်
သွားပါများပေမယ့်ခရီးမရောက်နိုင်တော့သူ
အဖြူရောင်အလံလည်းမထူနိုင်တော့
မျှော်လင့်ချက်တစ်ခုကလွဲပြီး
ရင်ထဲမှာဘာမှမရှိပါဘူး
ဘယ်သူမှမသိအောင်သိမ်းဆည်းထားတယ်
ဒါပေမယ့်သူ့ကိုမှဝန်ခံချင်ခဲ့
ရင်ခုန်သံတွေ အိမ်ယာမဲ့နေတုန်းပဲ
မျှော်လင့်ချက်တစ်ခုကလွဲပြီး
ရင်ထဲမှာဘာမှမရှိပါဘူး။။။။။။။

လင်းကို

အတိတ်တုန်းက

တစ်ညလုံးအသက်မဲ့ခဲ့တဲ့
အိပ်ယာမှာ
လွဲချက်နာခဲ့တာတွေ
သူမသိအောင်ဖွက်ထားတယ်
အချစ်ရေ
မင်းပြုံးနိုင်ပါစေ။
ငါ့အတွက်တော့
လန်ဒန်တစ်လိပ်နဲ့ပဲ
ဖြစ်သမျှအကြောင်းကောင်းနိုင်ပါတယ်။
မနေ့ကမက်တဲ့အိပ်မက်တွေနဲ့
ဒီနေ့ကိုငါရင်ဆိုင်တာပဲ
ငါ့လိပ်ပြာလုံခဲ့ပါတယ်။
မင်းကိုချစ်တဲ့အချစ်မှာ
ဓါတုပစ္စည်းမပါကြောင်း
ပြောတုံးကမင်းရဲ့ရယ်သံ
အခုထိကြားယောင်နေသေးတယ်။
ဒီလိုနဲ့မင်းရဲ့ကောင်းကင်မှာ
ငါစွမ်းနိုင်သလောက်
ကဗျာတွေရေးပေးခဲ့မိတယ်။

မင်းသန့်

တနေ့နေ့မှာ ….



ကိုယ်ယုံကြည်ရာ လျှောက်လှမ်းတော့လို့
အသိစိတ်ကခွင့်ပြုလိုက်ပြီ ….။
မနက်ဖြန်ပေါင်းများစွာကို
ကျော်ဖြတ်ပြီးလာ အခုငါ နှစ်ဆယ့်ငါး။
မနက်ဖြန်ပေါင်းများစွာကို
မျှော်လင့်ချက်များစွာနဲ့သွားဖို့ အခုငါ နှစ်ဆယ့်ငါး။
ကိုယ့်စိတ်နဲ့ကိုယ်ကြူး
ကိုယ်ပြုခဲ့သမျှကံ ကိုယ်ခံရဲဖို့
အဲဒီလောက်တော့ ရဲရင့်မှုရှိရဲ့။
ဒိလိုနဲ့
ကိုယ်သွားမယ့်ခရီး ကိုယ်ရွေးပြီးလှမ်းလာခဲ့တာ
ရည်မှန်းထားသလောက် ဖြစ်ခဲလွန်းတဲ့ဘ၀မှာ
ရည်မှန်းချက်လည်းပျောက်ချင်ချင်….
လိုချင်သလောက် ရခဲလွန်းတဲ့ဘ၀မှာ
လိုချင်စိတ်လည်း မဲ့ချင်ချင်….
ချစ်မိသူတိုင်း ပြန်ချစ်ခဲလွန်းတဲ့ဘ၀မှာ
ချစ်တဲ့စိတ်လည်းကုန်ချင်ချင်….
ဒီလိုနဲ့
ဒီနေ့မှာလည်း ဟိုးအရင်ကအတိုင်း
နောင်တ တချို့တ၀က်နဲ့
သောက အနည်းငယ်နဲ့
လောဘ များများစားစားနဲ့
ကိုယ်ကောင်းရင်ခေါင်းမရွေ့တဲ့
စကားပုံကို ခေါင်းပေါ်မှာတင်ပြီး
ငါဆက်လျှောက်လာခဲ့တာ ….
တနေ့နေ့မှာတော့ ….။ ။

သော်တာ (5/09)