နိုဝင်ဘာရဲ့မိုး

နိုဝင်ဘာရဲ့မိုး
ငိုနေတဲ့ကောင်းကင်ကနေ
ရင်ဘက်ထဲထိရွာတယ်။
ခရေတွေတောင်ညှိုးလို့.....
ဝမ်းနည်းနေတဲ့
ကြယ်နှစ်စင်း
မိုးသားတွေနောက်မှာ
တိတ်တိတ်လေးကြွကျသွားတယ်
ဒါပေမယ့်တောင် နဲ့ မြောက်ပဲ။
ဒိုင်ယာရီထဲက
ငါ့ကဗျာတွေ
ဒီအခန်းကျဉ်းထဲမှာ
တိတ်တိတ်လေး ညည်းတွားနေကြ၊
သူတို့ခမျာဆာလှပြီ။
မိုးစက်တွေကအခန်းနံရံကို
ဖောက်ဝင်မတက်၊
အထိတ်တလန့်နဲ့
အခန်းတံခါးကိုထပိတ်လိုက်တယ်
ငါငိုနေတာမင်းမသိစေချင်ဘူး။
--
မင်းသန့်
1 Response
  1. အရမ်းကောင်းတဲ့ကဗျာလေးပါ..
    အတွေးလေးနဲ့အရေးလေးတွေကောင်းလွန်းတယ်ဗျာ
    အားပေးနေမယ်အစ်ကိုရေ..