အတိတ်တုန်းက

တစ်ညလုံးအသက်မဲ့ခဲ့တဲ့
အိပ်ယာမှာ
လွဲချက်နာခဲ့တာတွေ
သူမသိအောင်ဖွက်ထားတယ်
အချစ်ရေ
မင်းပြုံးနိုင်ပါစေ။
ငါ့အတွက်တော့
လန်ဒန်တစ်လိပ်နဲ့ပဲ
ဖြစ်သမျှအကြောင်းကောင်းနိုင်ပါတယ်။
မနေ့ကမက်တဲ့အိပ်မက်တွေနဲ့
ဒီနေ့ကိုငါရင်ဆိုင်တာပဲ
ငါ့လိပ်ပြာလုံခဲ့ပါတယ်။
မင်းကိုချစ်တဲ့အချစ်မှာ
ဓါတုပစ္စည်းမပါကြောင်း
ပြောတုံးကမင်းရဲ့ရယ်သံ
အခုထိကြားယောင်နေသေးတယ်။
ဒီလိုနဲ့မင်းရဲ့ကောင်းကင်မှာ
ငါစွမ်းနိုင်သလောက်
ကဗျာတွေရေးပေးခဲ့မိတယ်။

မင်းသန့်
1 Response
  1. Anonymous Says:

    ကဗျာနဲ့ပတ်သတ်လို့သေချာတော့မသိဘူး...ဒါပေမယ့်ဒီကဗျာလေးကိုတော့ကြိုက်တယ်...